Tumgik
suszenfi · 1 month
Video
youtube
နေပြည်တော် စစ်ခေါင်းဆောင်ရဲ့ အနာဂတ်အပေါ် တရုတ်သုံးသပ်ဆန်းစစ်နေပြီလား?
နေပြည်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေး ဝန်းကျင်လေထုဟာ မသေချာမရေရာမှုတွေနဲ့  ပြည့်နေပါတယ်။ နေပြည်တော်က စစ်ရေးပစ်မှတ်တွေထိ ဒရုန်းနဲ့ တိုက်ခံရ၊ ရှော့တိုက်ဒုံး အပစ်ခံရ ဖြစ်လာချိန် တပ်တွင်း အသိုင်းအဝိုင်း လူဖမ်းပွဲတွေလည်း ဆက်တိုက် ဖြစ်လာပါတယ်။ ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်နေတယ် ဆိုပြီး တရုတ်ရဲ့ ဖော်ထုတ်မှုတွေကြောင့် ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးမျိုးတွေ အဖမ်းခံရတယ် ဆိုတဲ့ သတင်းတွေရဲ့နောက်၊ အခုဆို ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုကို ကိုင်တွယ်ရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပျော့ညံ့လွန်းတယ် ဆိုတဲ့ အမြင်မျိုး ရှိတဲ့ အရင် ထိပ်တန်း စစ်ဗိုလ်ချူပ်ဟောင်းတွေပါ အဖမ်းခံလာရတာမျိုးတွေ ပေါ်ပေါက်လာတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံ ပတ်ချာလည် စစ်မျက်နှာပြင်တွေမှာ မကြုံစဖူး အတိုင်းအတာနဲ့ စစ်ရေး ရှုံးနိမ့်မှုတွေ ကြုံနေရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ အနာဂတ် အပေါ် တရုတ် အစိုးရ အနေနဲ့လည်း ဆန်းစစ်မှုတွေ လုပ်နေတယ် ဆိုပြီး လေ့လာစောင့်ကြည့်သူ တချို့ရဲ့ ပြောဆိုချက်တွေ ရှိနေပါတယ်။ အခု ကာလအတွင်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းဟာ အခု လက်ရှိ စစ်ခေါင်းဆောင်ရဲ့လက်ထဲ တပ်ကို လွှဲပေးခဲ့တဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ခေါင်းဆောင်ဟောင်းတွေကို လိုက်လံ တွေ့ဆုံနေခဲ့ပါတယ်။ ဒီတော့ တရုတ်အနေနဲ့ နေပြည်တော် အဝိုင်းအဝန်းထဲ စနည်းနာနေတာ ဘာ့ကြောင့်လဲ ... လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ကုလားထိုင် နေရာ လှုပ်ခါ နေပြီလား .... ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးနောက်ပိုင်း နေပြည်တော် စစ်ကောင်စီအပေါ် တရုတ်အစိုးရက ဘယ်လို သဘောထားနေသလဲ... စတာတွေ ဒီတစ်ပတ် အသေးစိတ် ကြားကြရဖို့ ရှိပါတယ်။ ဒီတစ်ပတ်ပါဝင်ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေလျှော့နိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ရာ ဘရပ်စ်ဆဲလ်စ် မြို့ အခြေစိုက် ဖွဲ့စည်းထားတဲ့ International Crisis Group အဖွဲ့က မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီနဲ့ တရုတ်-မြန်မာဆက်ဆံရေး အထူး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောတို့ ဖြစ်ပါတယ်။
1 note · View note