Tumgik
hninlu-blog · 6 years
Photo
Tumblr media
အလှမွေးဘဲပေါက်
0 notes
hninlu-blog · 6 years
Text
တစ်နေ့သ၌
ကိုယ့်အတွေးနဲ့ကိုယ်ရှက်နေရတဲ့
ရွက်ကြွေတွေလို
ယားလို့မှ ကုတ်ဖဲ့လို့မရတဲ့
ပိုးကိုက်ရာတွေဟာ
ဘယ်နက္ခတ်လက်ချက်လဲ ...
ကြွေလွင့်ပြီးတဲ့နောက်ရော
ဘာလို့များထပ်ပြီး ဝေချင်‌နေရသလဲ
ထာဝရဆိုတဲ့အတွေးနဲ့ ငါ
နှစ်နှစ်ကာကာ ကြေကွဲပါရစေလား
ကဲ အချိန်စေ့ပြီ
တတီတီနှိုးစက်သံအဆုံးမှာ
ပိုးကိုက်ဒဏ်ရာပိုက်ပြီး
ခုန်ဆင်းလိုက်တယ်
အလို ... ပြက္ခဒိန်စာရွက်ဟောင်းတွေပါလား
တစ်နေ့သ၌
ကျွန်ုပ်သည် သူမကို ချစ်ခဲ့မိ၏
အင်းအိုင်လက်ဖွဲ့တို့ မစွမ်းသာသော
မှော်ရုံတောတွင်
ကျွန်ုပ်သည် ကြွေခဲ့၏ ဝေခဲ့၏
ကြွေရအုံးမည် ဝေရအုံးမည် ...
တီ တီ တီ တီ ...။
နှင်းလူ
1 note · View note